ကလေးဘ၀ မှတ်မိသလောက်



အဟဲ
ကလေးဘ၀မှတ်မိသလောက်တဲ့
ခက်တာက မမှတ်မိတာခက်တာပါပဲလေ အဟီး
မှတ်မှတ်ရရ ဆိုလို့
ငယ်ငယ်တုန်းက ကာယချိန်တို့ အခြား လူမှုရေး ချိန် တို့ဆိုရင်
အရမ်းပျော်တယ်
ခက်တာပဲဗျ
ဆရာတွေကလည်း အဲအချိန် အချိန်ပိုခေါ်ပြီး စာသင်ဖို့ပဲချောင်းနေတာ ဟွန်းး
အဲအချိန် စာမသင်ရရင် အရမ်းပျော်
အပြင်ထွက်ရရင် ပိုဆိုးပေါ့ဗျာ
အဟဲ
ငယ်ဘ၀က တော့ ကျောင်းတတ်တာနဲ့ပဲ ကုန်ဆုံးသွားတာဆိုတော့
တစ်နှစ်တစ်တန်းမှန်မှန်အောင်အောင် ကြိုးစားတယ်
အဟဲ
စာကျက်ရမှာ ပျင်းလို့
၉ တန်းတုန်းက အရမ်းချစ်ရတဲ့ သူငယ်ချင်းက မခေါ်တော့ဘူး
အဲတော့ အရမ်းခံစားရတယ် အဲတစ်ခါပဲ တော်တော်ခံစားလိုက်ရတာ
မှတ်မိတာပေါ့ အဟဲ

ခံစားချက်တစ်ချို့



ခံစားချက်တစ်ချို့နဲ့

စကားလုံးတွေကို ချရေးမိတယ်

ဘ၀ကခါးသလား

ချိုသလား

ငါမသိတဲ့အတွေးတွေနဲ့ ဆုံစည်းမိတယ်

ဘ၀က ဘ၀တဲ့လား

မသိခဲ့ပါဘူး

ချိုသည် ဖြစ်စေ

ခါးခဲ့သည် ဖြစ်စေ

ဖြတ်သန်းရမှာပါပဲ

ဘ၀ဆိုတာ ငါ့အတွက်ခါးတယ်

ဒါပေမယ့်

ချိုမြိန်ခဲ့တုန်း

ခုချိန်ထိ

မတွေးမိတဲ့စကားလုံးတွေနဲ့

ငါ စကားဆန်းတစ်ချို့ကို

အလွတ်ကျက်တယ်

နားလည်ချင်ယောင်ဆောင်လို့

ငါဟန်ဆောင်တတ်ခဲ့ပြန်ပြီ

ငါ့ဟာငါတောင် နားမလည်တဲ့စကားလုံးတွေသုံးလို့

လတ်စသတ်တော့

ငါ သွေးပျက်နေခဲ့ပြီ

ဗလာ



နွေးထွေးနေတဲ့ နင့်ရဲ့လေသံတွေ

အေးစက်သွားတယ်

လှမ်းနေတဲ့ မင်းလက်အစုံ

နောက်ပြန်ရုတ်သွားပြီ

ခံစားချက် ကင်းမဲ့နေတဲ့

မျက်ဝန်းအကြည့်တွေ

ငါ သိလိုက်ရတယ်

ငါ့နှလုံးသား ကင်းမဲ့သွားပြီ

စိတ်တံခါးပေါက်က

နင့်ဆီအ၀င်

နင်က ငါ့ရင်ထဲက ပြေးထွက်သွားတယ်

ရပါတယ်

ငါ ဆိုတာ ကျန်ခဲ့ရမယ့်သူပဲ

ဗလာဒီရင်ဘတ်က

လောင်မြိုက်နေတဲ့အပူမီးကို ငြှိမ်းသတ်ခဲ့ပြန်တယ်

ဟိတ်ကောင်

နင်ကနှလုံးသား မရှိတဲ့ကောင်ပဲ

ခံစားမနေနဲ့

ငါ ခေါင်းအစုံ ငြိမ့်လိုက်တယ်

အဲ့ခဏ ငါ သိလိုက်ရတယ်

ငါ့ရင်ထဲမှာ ဗလာ

ဦးနှောက်ထဲမှာ ဗလာ

ငါဟာ ဗလာနဲ့ကောင်ပါ

ကိုယ့်အနားရှိစေချင်

နားဆင်ရန်


တေးရေး Rခိုင်
တေးဆို Rဇာနည်

သီချင်းစာသား


အတူသွားအတူစားကာ ပျော်ပါးခဲ့ဖူးတာ
ပြန်တွေးလိုက်တိုင်း မင်းအနားနားရောက်လာ
သူစိမ်းတွေကြားမှာ လှုပ်ရှားရင်းနဲ့သာ
တို့ နှစ်ဦးရည်မှန်းတာ ကိုယ် မျှော်နေဆဲပါ

ရေမြေခြားသွားရတော့ မင်းလေးကို ထားခဲ့ရပြီပေါ့
မျက်ကွယ်ရာမှာ ကိုယ် စိတ်ချပါရစေ
ဒါပေမယ့် ကိုယ့်အတွက်တော့ ယုံကြည်ပြီး စောင့်နေပါနော်
လွမ်းရက်တွေကို တဖြည်းဖြည်း ဖြတ်ကျော်မှာ

ကိုယ် .... ဟိုအဝေးမှာ နေတဲ့အခါ
မျက်ဝန်းတွေထဲမင်းပဲမြင်
ပြန်ဆုံနိုင်မယ့် နေ့ရက်လေးတွေ မရောက်သေးခင်
ဤမှန်ကန်သော ကိုယ့်သစ္စာတွေကြောင့် ဆုတောင်းပြည့်ခဲ့ရင်
အချစ်ဆုံးသာ ကိုယ့်အနားရှိစေချင်

ရေမြေခြားသွားရတော့ မင်းလေးကိုထားခဲ့ရပြီပေါ့
မျက်ကွယ်ရာမှာ ကိုယ်စိတ်ချပါရစေ
ဒါပေမယ့် ကိုယ့်အတွက်တော့ ယုံကြည်ပြီးစောင့်နေပါနော်
လွမ်းရက်တွေကို တဖြည်းဖြည်းဖြတ်ကျော်မှာ

ကိုယ် .... ဟိုအဝေးမှာနေတဲ့အခါ
မျက်ဝန်းတွေထဲမင်းပဲမြင်
ပြန်ဆုံနိုင်မယ့် နေ့ရက်လေးတွေ မရောက်သေးခင်
ဤမှန်ကန်သော ကိုယ့်ရဲ့သစ္စာတွေကြောင့် ဆုတောင်းပြည့်ခဲ့ရင်
အချစ်ဆုံးသာ ကိုယ့်အနားရှိစေချင်

ကိုယ် .... ဟိုအဝေးမှာနေတဲ့အခါ
မျက်ဝန်းတွေထဲမင်းပဲမြင်
ပြန်ဆုံနိုင်မယ့် နေ့ရက်လေးတွေ မရောက်သေးခင်
ဤမှန်ကန်သော ကိုယ့်ရဲ့သစ္စာတွေကြောင့် ဆုတောင်းပြည့်ခဲ့ရင်
အချစ်ဆုံးသာ ကိုယ့်အနားရှိစေချင်


ကိုယ် ... ဟိုအဝေးမှာနေတဲ့အခါ
မျက်ဝန်းတွေထဲမင်းပဲမြင်
ပြန်ဆုံနိုင်မယ့် နေ့ရက်လေးတွေ မရောက်သေးခင်
ဤမှန်ကန်သော တိုင်တည်ထားကိုယ့်သစ္စာ ဆုတောင်းပြည့်ခဲ့ရင်
အချစ်ဆုံးသာ ကိုယ့်အနားရှိစေချင်

အချစ်ဆုံးသာ ကိုယ့်အနားရှိစေချင်

နောင်တမရှိ

ငါ့မျက်နှာမှာ ပြုံးနေလို့ 

ပျော်ရွှင်တယ်လို့ 

မထင်ပါနဲ့  ချစ်သူ

ရင်ဘတ်ထဲကို

ဝင်ကြည့်လိုက်ပါ

မင်းအတွက်ခံစားရတဲ့

ဝမ်းနည်းမှုတွေ ပြည့်သိပ်နေတာ

အံ့သြစွာတွေ့ ရမှာ

မင်းနဲ့ တွေ့ ရင်ဘာမှမခံစားရသလို

ဟန်ဆောင်နေတဲ့

ငါ့ကိုယ်ငါ အံ့သြမိပေမယ့်

မင်းနောက်ပြန်လည့်ကြည့်ရင်

ဝမ်းနည်းစွာကြည့်နေတဲ့

ငါ့ကိုတွေ့ ရမှာ

ဒါကိုမင်းလုံးဝမသိသလို

မျှော်လင့်ချက်လည်းမရှိတဲ့ငါဟာ

မင်းနဲ့ ဆုံတွေ့ ရတဲ့အတွက်

ဘယ်သောအခါမှ

နောင်တမရခဲ့ဘူးဆိုတာ

Myanmar Blogger Survey 2009



Myanmar blogger survey 2009


မောင်စေတနာ ဘလော့ခ်မှာတွေ့ရလို့ ဖော်ပြလိုက်တာပါ

ပတ်ဝန်းကျင်ရဲ့ အမြင်ဆိုတာထက် ကိုယ်ဖြတ်သန်းလာခဲ့တဲ့တစ်လျှောက် အနားက လူတွေရဲ့အမြင်ပေါ့

ဖြတ်သန်းလာခဲ့တဲ့ ဘ၀တစ်လျှောက်
ပတ်ဝန်းကျင်ကို သိပ်မကြည့်ခဲ့မိပါဘူး
ဒါပေမယ့် မမကတော့ ဝေဖန်ဖူးတယ်
တစ်ခါတုန်းက
နင်က ကိုယ်ချင်းစာတရားမရှိဘူးတဲ့
အဲတုန်းကတော့ ရေရေလည်လည်နာတယ်
ခုထိလည်း နာတုန်းပဲ
ကိုယ်ချင်းစာတရားအပြည့်ရှိလို့
ကိုယ်နဲ့နှိုင်းပြီး တစ်ချို့ကိစ္စတွေမှာ
အကြံပေးခဲ့မိတာပါ
ဒါပေမယ့် အဲလို ပြောခံရတော့ နာတယ်ရေလည်ပဲ
အဲဒါကြောင့် အမုန်းဆုံးစကားလုံးလည်း ဖြစ်မယ်ထင်တယ်
ဒါပေမယ့် အပေါင်းအသင်းကို ခင်တယ်
သူတို့နဲ့ဆို နေ့တိုင်းအချိန်ကုန်ရတာကို နှစ်သက်တယ်
လူအများကတော့ ပေါ့ပေါ့တန်တန်နေတယ်လို့
မြင်ကြတယ်
သူငယ်ချင်းကတော့
အချစ်ရေးမှာ မာနကြီးတယ်တဲ့
အထီးကျန်နေတယ်တဲ့
ဘယ်လိုပြောပြရမလဲတောင်မသိတော့ဘူး ဟဲဟဲ
တစ်ခါတစ်လေ အစမတန်အောင် ရင့်ကျက်ချင်ရင့်ကျက်နေတယ်
တစ်ခါတစ်ရံတော့ ကလေးထက်တောင်ရိုးချင်ရိုးနေမယ်
အစိုးမရဘူးပေါ့